Energy Saving Central Cooling System အကြောင်း
Central Cooling System
1- Low Temperature Water Loop နဲ့
2- High Temperature Water Loop
Maine Engine Jacket HT cooler နဲ့ သ င်္ဘော က တခြား cooler တွေ ဖြစ်တဲ့ LO cooler, Air Conditioning System, Provision Refrigeration System Plant စတာတွေက cooler တွေမှာ သုံးထားပါတယ်။
Low Temperature Water တွေကို LT cooler မှာ Sea Water နဲ့ အအေးခံပေးပါတယ်။ နေရာဒေသအလိုက် ပင်လယ်ရေ အပူချိန်ဟာ ပြောင်းလဲနေတတ်တာမို့ သူ့ကို သုံးပြီး အအေးခံတဲ့ LT water Temperature ဟာလည်း လိုက်ပြောင်းလဲနိုင်ပါတယ်။
အဲ့လို လိုက် မပြောင်းလဲဖို့အတွက် သတ်မှတ်ထားတဲ့Temperature ရအောင် LT cooler အဝင်မှာ 3 way Valve တစ်ခုတပ်ပြီး LT Cooler ထဲ ဝင်မလား၊ By pass လုပ်မလား ကို LT Temperature ပေါ်မူတည်ပြီး Control လုပ်ပေးကြပါတယ်။
အဲ့ 3 way valve ကို အများအားဖြင့် Electro-pneumatic PID controller ဒါမှမဟုတ် Pure Pneumatic PID Controller တို့နဲ့ ဖွင့်ပိတ်နိုင်ပါတယ်။ သင်္ဘောက တကယ်လို့ ပင်လယ်ရေ အပူချိန် နည်းပါတဲ့ နေရာ ရောက်တဲ့အခါမှာ LT water Temperature ကလည်း ကျလာမှာ ဖြစ်ပြီး 3 way valve က By pass ဖက်ကို တော်တော်များများ ဖွင့်ပေးထားမှာပါ။
အဲ့ဒီလို ဖြစ်နေတဲ့အချိန်မှာ Sea water pump က သူမောင်းနေကျအတိုင်းပဲ မောင်းနေတာမို့လို့ မလိုအပ်ဘဲ LT cooler ထဲ sea water တွေ ပို့ပေးနေသလို ဖြစ်နေအတွက် စွမ်းအင်ဖြုန်းသလို ဖြစ်နေပါတယ်။
Energy Saving System (ESS) က sea water pump ကို ပုံမှန်အတိုင်း မမောင်းစေဘဲ Frequency drive ကတဆင့် Low RPM နဲ့ မောင်းပေးမှာပါ။
ဒီစနစ်မှာ Sea Water Pump သုံးလုံးပါဝင်ပါတယ်။ တစ်လုံးက 640 m3/hr , 55 kW ဖြစ်ပြီး ကျန်နှစ်လုံးက 320 m3/hr, 30 kW ပါ။ အသေးနှစ်လုံးက ပုံမှန် Star-delta starter နဲ့ ဖြစ်ပြီး အကြီးတစ်လုံးကို Frequency inverter နဲ့မောင်းပါတယ်။ အရေးပေါ် အခြေအနေ ကြုံခဲ့ရင် အကြီးအလုံးကို DOL နဲ့ မောင်းလို့ ရအောင်ပါ လုပ်ထားပါတယ်။ Sensor တွေ အနေနဲ့ Sea water temperature sensor, LT water Temperature sensor, Pressure sensors စတာတွေ ပါ ပါတယ်။
Inverter mode နဲ့ By pass mode နှစ်မျိုးရှိပြီးတော့ Inverter mode မှာ Pump အကြီး ကို Frequency drive နဲ့ မောင်းတာပါ။ တကယ်လို့ သူ Fail ဖြစ်သွားရင် အသေးနှစ်လုံးကို တပြိုင်တည်းမောင်းပေးပါတယ်။ By Pass mode က တော့ ကိုယ်ကြိုက်တဲ့ Pump တစ်လုံးချင်းစီကို မောင်းလို့ရပါတယ်။ Inverter mode မှာပဲ Inverter manual mode ပြောင်းပြီး Frequency ကို ချိန်ညှိလို့ရပါတယ်။
LT cooler အဝင် 3 way by pass valve ကတော့ Pure Pneumatic PID controller နဲ့ ဖွင့်ပိတ်လုပ်ပြီး ဒီ ESS system က ဘာမှ မထိန်းချုပ်ထားပါဘူး။ သူ့ကနေ Positioner နဲ့ Feedback signal ပဲ ပြန်ယူထားပါတယ်။ Sea water အဝင်မှာ Temperature transmitter တစ်ခုရှိပြီး sea water temperature , LT temperature တို့ကို မူတည်ပြီးတော့ PLC ကနေ Frequency inverter ကို command ပေးပြီး မောင်းပါတယ်။ Sea water temperature 22 ဝန်းကျင်မှာ 35 hertz လောက်နဲ့ မောင်းနေတာ ပုံမှန် တွေ့ရပါတယ်။
အပေါ်မှာ ပြောခဲ့သလို သူက ပင်လယ်ရေ အအေးပိုင်းမှာ ပို အသုံးဝင်ပြီး အပူပိုင်းမှာတော့ 60 Hertz နဲ့ မောင်းနေတာမို့လို့ သိပ်အသုံးမဝင်ပါဘူး။ ခု သင်္ဘောမှာတော့ အဲ့လို အခြေအနေ ရောက်ရင် CE က By pass mode ပြောင်းပြီး Pump အသေးတစ်လုံးကိုပဲ မောင်းလေ့ရှိပါတယ်။
ဒီစနစ်မှာ Pump ကို Low RPM နဲ့ မောင်းနေရင် sea water flow လည်း ကျလာမှာ ဖြစ်ပြီး အဲ့အတွက် ပိုက်လိုင်းတလျှောက်မှာ scale တက်လာနိုင်ပါတယ်။ အဲ့အတွက် Flushing function ပါပြီး Pump ကို Full speed နဲ့ မောင်းပေးပြီး Flushing လုပ်ပါတယ်။ Manual လည်း လုပ်နိုင်သလို့ Flushing cycle တစ်ခုထားပြီး Auto လုပ်ခိုင်းလည်းရပါတယ်။
HMI screen မှာ Energy saving ဘယ်လောက် ဖြစ်နေလဲ ကြည့်နိုင်သလို SD card ထဲ History တွေ record လည်း လုပ်လို့ရပါတယ်။