Marine Ship Clock System

QuartzClock
နာရီတွေ စည်းချက်မှန်မှန်ရွေ့ဖို့ အဓိက အရေးပါတာတော့ quartz crystal ပါ။ ပုံမှန်အားဖြင့် Microchip circuit လေးကို Battery ပါဝါပေးထားပြီး အဲ့ဒီ Chip က quartz crystal ကို Frequency တစ်ခု နဲ့ တုန်ခါစေပါတယ်။
Microchip က အဲ့ တုန်ခါမှုကို ပြန်ယူပြီး တစ်စက္ကန့်ကို pulse တစ်ခုနှုန်းနဲ့ electric pulse တွေ ပြန်ထုတ်ပေးပါတယ်။ အဲ့ pulse ကနေ electric stepping motor အသေးစားလေးကို မောင်းပေးပြီး အဲ့ကတဆင့် နာရီရဲ့ second လက်တံကို ရွေ့စေပါတယ်။
သင်္ဘောက နာရီ
စနစ်မှာတော့ Master နဲ့ Slaves
ဆိုပြီး
နှစ်မျိုးခွဲထားပါတယ်။
-Master နာရီကို အမြဲ UTC စံတော်ချိန်မှာထားပါတယ်
-Slave နာရီကို သင်္ဘောရောက်ရှိနေတဲ့ Local Time ဒေသစံတော်ချိန်မှာ ထားပါတယ်။
Master နာရီမှာရော Slave နာရီမှာရော Oscillation
crystal circuit တွေ တခုစီမပါကြဘဲ Main Oscillation PCB တစ်ခုတည်းက electrical
pulse တွေကိုယူပြီး
နာရီလက်တံတွေတပြိုင်တည်းရွေ့လျှားပါတယ်။
Master Clock ရဲ့ တည်ဆောက်ပုံက Oscillation circuit လေး မပါ တာက လွှဲလို့ ကျန်တာက
အိမ်သုံးနာရီနဲ့ တည်ဆောက်ပုံတူပါတယ်။
Main oscillation PCB ကနေ Electrical pulse လေးတွေ ယူပြီး သူရဲ့ နာရီ မိနစ် စက္ကန့်
လက်တံတွေကို ရွေ့ပေးပါတယ်။
Slave နာရီတွေအတွက် Main Oscillation PCB က ရောက်ရှိနေတဲ့Ship positionအလိုက်အချိန်ပြောင်းနိုင် အောင် Advance(ရှေ့တိုး) ။ Retard(နောက်ဆုတ်) နဲ့ common ဆိုပြီး Contact သုံးခုထွက်ပေးထားပါတယ်။
အဲ့ဒီ Connection က တဆင့် နာရီတွေ
ကို တစ်လုံးပြီးတစ်လုံးParallel ချိတ်သွားပြီး သင်္ဘောက နာရီတွေအားလုံးကို အတူတူ
ရွေ့စေတာပါ။ အဲ့ Contact သုံးခုက ရှင်းရှင်းပြောရရင် Relay contact လိုပေါ့။ နာရီကို ရှေ့ကို ရွေ့စေချင်ရင် Advance
and Common ကနေ Power ပေးတယ်။ နောက်ဆုတ်စေချင်ရင် Retard နဲ့ Common က နေ power ပေးပါတယ်။
နာရီ အမျိုးအစားပေါ်မူတည်လို့ စက္ကန့်လက်တံပါတဲ့ နာရီဆို 0.5 second ဆို တစ်ကြိမ်နှုန်း နဲ့ Electrical pulse ပေးကြပြီး စက္ကန့်လက်တံမပါရင် 30 seconds ကို တစ်ကြိမ်နှုန်းပေးတာ တွေ့ရပါတယ်။
ဒါကြောင့်
စက္ကန့်လက်တံပါတဲ့ နာရီ (အများအားဖြင့် CCR,
ECR, GALLEY) တွေက electrical pulse အတွက် PCB
က သပ်သပ်
ကြိုးတစ်စုံ အပိုပေးထားပြီး စက္ကန့်လက်တံမပါတာတွေအတွက် Advance နဲ့ Common ကနေပဲ Electrical
pulse ကို
စက္ကန့်သုံးဆယ် တစ်ကြိမ် ပေးပါတယ်။
Advance နဲ့ Retard လုပ်နိုင်ဖို့အတွက် Slave နာရီတွေမှာ Coil ထုပ် နှစ်ခု ပါ ပါတယ်။ Forward direction နဲ့ Reverse
direction သဘောတရားပါပဲ။
Coil တစ်ခုက Advance နဲ့ Common
ကို
ချိတ်ထားပြီး နာရီ ကို ရှေ့တိုးပေးတာပါ။ နောက် Coil က Retard နဲ့ Common
ကို
ချိတ်ထားပြီး နာရီကို နောက်ဆုတ်ပေးတာပါ။ သင်္ဘောစံတော်ချိန် ရှေ့တိုးချင်တဲ့အခါ Advance နဲ့ Common ကနေ Electrical
pulse တွေကို
ဆက်တိုက်ပေးပြီး Slave နာရီတွေကို အတူတူ တပြိုင်တည်း ရှေ့တိုးစေသလို
နောက်ဆုတ်မယ်ဆိုလည်း Retard နဲ့ Common
ကနေ power ပေးပြီး နောက်ဆုတ်စေတာပါ။
Main Oscillator PCB ကနေ Engine
Telegraph Order Printer အတွက် 30 sec Time signal pulse တစ်ခုလည်း
ထပ်ထုတ်ပေးထားပါတယ်။
Ship's clock system နဲ့ ကြုံတတ်တဲ့ ပြဿနာများ
-----------------------------------------------------
- Master နာရီကလွဲလို့ ကျန် နာရီတွေ ပုံမှန် အလုပ်မလုပ်ပါဘူး။ Master တစ်လုံးပဲ ပုံမှန် အလုပ်လုပ်ပြီး ကျန်တဲ့နာရီတွေက သွား လိုက် ရပ်လိုက် ဖြစ်နေတယ်။ Master clock က ပုံမှန် အလုပ်လုပ်နေတယ် ဆိုတော့ Oscillation PCB ကြောင့် မဟုတ်။Advance/stop/Retard selector switch ကြိုးဖြုတ်ပြီး ထားစစ်ကြည်ပါ။
-နာရီတွေ ရဲ့ Gearတွေကြတ်နေရင် ဆီထည်.ပေး/ ဆေးပေးရင်လည်းကောင်းသွားနိုင်ပါတယ်
-နာရီတွေ ရဲ့ pulse လာမလာ ကို Analog Malti Meter နဲ့ စစ်ကြည့်ရင်သိနိုင်ပါတယ်။pulse လာရင် တခြားကောင်းနေတဲ့ နာရီ အစားထိုစမ်းးကြည့်ပါ။
- 24 VDC low insulation ဖြစ်တတ်ပါတယ်။ Ship's
clock system က 220VAC ယူထားသလို 24VDC Distribution panel ကနေလည်း 24VDC ကို Back up power supply အနေနဲ့ ထပ်ယူထားပါတယ်။