Ship Grounding / Earthing System ?
သင်္ဘောပေါ်မှာ ဘာလို့ အဲဒီ Insulation Monitoring System တွေ တပ်ထားတာလဲ သင်္ဘောပေါ်မှာ သုံးတဲ့ Earthing System တွေက ကုန်းပေါ်မှာ သုံးတဲ့ စနစ်တွေနဲ့ မပါဘူးသင်္ဘောတွေရဲ့ စည်းကမ်းဥပဒေ လိုအပ်ချက်အရ IT earth system ကိုသုံးရပါတယ်။ ဒါကို Insulated Neutral လို့လည်း ခေါ်ကြပါတယ်။ Star Point ကို Earth မချပဲ သုံးတာပါ။
ဒါပေမဲ့ သူ့ချည်းလားဆိုတော့
မဟုတ်ပါဘူး။ Insulation Monitoring System နဲ့ တွဲပြီး သုံးရပါမယ်။
အဲဒီတော့ Earth Fault ကိုစောင့်ကြည့်ဘို့ Insulation Monitor ကလိုလာပါ ပြီ။ ဘာလို့လဲ ဒီစနစ်မှာ Neutral ကို Ground မချထားတဲ့အတွက် Phase တစ်ခု Earth fault (Zero Megaohm) ဖြစ်ရုံနဲ့ Trip မဖြစ်ပါ ဒါပေမဲ့မတူညီတဲ့ နောက် phase တစ်ခုမှာ earth fault ဖြစ်ရင် Trip ဖြစ်ပါလိမ့်မယ်။ ဒီတော့ ပထမ phase တစ်ခု Earth fault ဖြစ်တာနဲ့ အရေးတကြီးဖြေရှင်းရပါတောမယ်။ဒီတိုင်းထားမယ်/ကျော်ခွထားရင် နောက်တခါမတူတဲ့နောက်တစ်PhaseမှာEarth Fault ဖြစ် ရင် Breakr /over load Trip ပဲ ။ဒါကြောင့် Low Insulation ကို မပေါ့ဆစေလိုပါ။ အချိန်မရရင် အနည်းဆုံး ဘယ် Circuit က earth fault ဖြစ်တာလဲဆိုတာ သိနေဘို့လိုပါတယ်၊ Maneuvering အချိန်လို Critical operation အချိန်မှာ အဲဒီ Circuit တွေကို Off ထားတာမျိုး လုပ်ထားနိုင်ပါတယ်။C/Eကိုတော့အကြောင်းကြားထားပါ။အောက်မှာ ပိုမိုလေ့လာနိုင်ပါတယ်။

Comments
Post a Comment